ထန်တလန်မှာ အောင်ပွဲဆင်နေတဲ့ တပ်မတော်သားများ

အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းအချိန်က ထန်တလန်-ဟားခါးလမ်းကြောင်းပေါ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသောစစ်ကြောင်းနှင့် အကြမ်းဖက် PDF ၂၀ ဦးတို့သည် ထန်တလန်မြို့၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာတွင် ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ပွိုင့်-၂၀၆၉ ရန်သူ့တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF အလောင်း ၄ လောင်း
(၂) သေနတ် မျိုးစုံ ၃ လက်

  • M-4 သေနတ် ၁ လက်
  • AK-47 သေနတ် ၁ လက်
  • Type-81 သေနတ် ၁ လက်
    (၃) ကျည်အိမ် ၄ ခု၊ ကျည် ၅၀ တောင့်ကျော်
    (၄) တိုက်မိုင်းမျိုးစုံ ၃၀ လုံး
    (၅) ယမ်းကြိုး ၂ ခွေ
    (၆) တဲ ၅ လုံး
    (၇) ဆက်သွယ်ရေးမြောင်း ၅၀ ပေ တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက် နေ့လည်ပိုင်းအချိန်တွင်လည်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းတစ်ခုနှင့် အကြမ်းဖက် PDF ၂၀ ဦးတို့ ထိတွေ့မှု ၂ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး ရန်သူ့စခန်းကုန်းအား သိမ်းဆည်းရရှိခဲ့။ ဒီဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF အလောင်း ၂ လောင်း
(၂) MA-1 သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၂၀
(၄) ဆက်သွယ်ရေးမြောင်း ၅၀၀ ပေ
(၅) ဘန်ကာ ၅ လုံး
(၆) ပစ်ကျင်း ၂၀ ကျင်း တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ထန်တလန်အနီးတွင် တိုက်ပွဲဖြစ်ပြီး ရန်သူ့အလောင်း ၆ လောင်းနှင့် သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ရာ အောက် ၁၅/ ၁၆ ရက်၊ ၂ ရက်အတွင်း ရန်သူ့ထံမှ ၁၂ လောင်း၊ ၅ လက်နှင့် စခန်းကုန်း ၃ ခု သိမ်းဆည်းရရှိပြီး ဖြစ်ပါကြောင်း သိရှိရပါတယ်။

၎င်းတို့၏ အလောင်း/လက်နက်များဆွဲပြေးနေသော ရန်သူ့နောက်သို့ ထပ်ကြပ်လိုက် ရှင်းလင်းလျက်ရှိပါကြောင်းနှင့် သတင်းဆက်အား ထပ်မံဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။