ဝသုန္ဒရကျေးရွာအနီး နွားကျောင်းနေသည့် ကလေး ၁၀ ဦးနှင့် ဝိုင်းကျေးရွာအနီးရှိ ဒေသခံပြည်သူ ၂၀ ဦးတို့ကို သတင်းတု၊ သတင်းအမှား

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအနီးတွင် နွားကျောင်းနေသည့် အသက် ၁၅ နှစ်အရွယ် ကလေး ၁၀ ဦးကို အောက်တိုဘာ ၁၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မတ္တရာမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီး ခြင်းများရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိပြီး ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများမရှိကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအနီးတွင် အောက်တိုဘာ ၁၃ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်းနှင့် အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ဖြစ်စဉ် ဖြစ်ပွား သည့်နေရာမှ ဒေသခံပြည်သူ ၂၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီးသွားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ် မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေ လျက်ရှိသည်ကိုတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အုတ်ဖိုမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ ၎င်းရက်နေ့တွင် ဝိုင်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိ ရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။