ကယားပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အောက်တိုဘာလ ၁၃ ရက်နေ့မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ လွိုင်ကော်ရှိ တက္ကသိုလ်များကို နိုဝင်ဘာ ၂၁ ရက်နှင့် ပညာရေးဒီဂရီကောလိပ်ကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်းသိရပါတယ်။ #Crd


