ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)တွင် ကလေးရရှိရန် ခက်ခဲသော စုံတွဲများအတွက် LEVEL-2 FERTILITY CLIN IC ဖွင့်လှစ်ထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ LEVEL-2 FERTILITY CLINIC ကို စက်တင်ဘာလ (၄)ရက်မှစ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ (၂၇)ရက်အထိ စုစုပေါင်းလူနာ (၁၃) ဦး ကြည့်ရှုခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ LEVEL-2 FERTILITY CLINIC ကို ပါမောက္ခ/ ဌာနမှူး (သားဖွားမီးယပ်)မှ ကြီးကြပ်၍ အထူးကုဆရာဝန် (မီးယပ်မှန်ပြောင်းကြည့်)နှင့် လက်ထောက်ဆရာဝန် (သားဖွားမီးယပ်)တို့နှင့်အတူ တာဝန်ကျလက်ထောက်ဆရာဝန် (သားဖွားမီးယပ်)များမှ ကလေးရရှိရန် ခက်ခဲသော စုံတွဲများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ရှုပေးလျက်ရှိကြောင်းလည်း သိရသည်။