လက်နက်ကိုင်ပဋိပက္ခက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့မူးယစ်ဆေးဝါးကုန်သွယ်မှု ပိုမိုမြင့်တက်စေ

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် စစ်ပွဲများက နယ်စပ်ဖြတ်ကျော်ပြီးလုပ်ဆောင်နေသည့် မူးယစ်ကုန်သွယ်မှုများကို မြင့်တက်လာစေခဲ့သလို မူးယစ်ဂိုဏ်းများက မြန်မာနိုင်ငံရှိ လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့ဖြန့်ဖြူးနေသည့်အပြင် ရှမ်းနှင့်ကချင်ရှိ လက်နက်ကိုင်များက မူးယစ်ဆေးဝါးစမ်းသပ်ထုတ်လုပ်သည့် ဓာတ်ခွဲခန်းပါရှိနေပြီး အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံဘက်ခြမ်းသို့တင်ပို့နေကြောင်း ထိုင်းမူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ဖြစ်သော ONCB  ၏တာဝန်ရှိသူ Apikit Ch.Rojprasert က ပြောသည်။

မြန်မာနိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့အတွက် မူးယစ်ကုန်သွယ်မှုတွေဟာ စစ်လက်နက်ပစ္စည်းဝယ်ယူဖို့ငွေကြေးအထောက်ပံ့တွေရအောင် အဓိကအသုံးပြုတဲ့အကြောင်းအရင်းတစ်ခု ဖြစ်စေခဲ့တယ်။ မူးယစ်ကုန်သွယ်မှုတွေဟာ တိုက်ပွဲတွေဖြစ်စေတဲ့အကြောင်းအရင်းလည်း ဖြစ်စေခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေက မူးယစ်ကုန်သွယ်မှုသူတွေနဲ့ ဆက်နွှယ်ပြီး ပူးပေါင်းဆောင်ရွက်တာ၊ ရာဇဝတ်မှုကျူးလွန်တာတွေကို သတိထားမိပါတယ်။” ဟုပြောသည်။

ထိုင်းအစိုးရ၏ ONCB အဖွဲ့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် တစ်နှစ်တည်းအတွင်း စိတ်ကြွဆေးပြား အရေအတွက် ၃၄၆ သန်းကျော်ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ်မကုန်ခင် ဖမ်းဆီးရမိမှုက ယခင်ထက်ပိုမိုမြင့်တက်နေကြောင်း သိရသည်။