ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတားရက်စ်ကို အစ္စရေးက ပြည်ဝင်ခွင့်ပိတ်

အစ္စရေးနိုင်ငံကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချခြင်းမရှိတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီဂူ တားရက်စ်ကို အစ္စရေးအစိုးရက နိုင်ငံတွင်းဝင်ရောက်ခွင့်ပိတ်ပင်လိုက်ကြောင်း အောက်တိုဘာလ ၂ရက်နေ့က ကြေညာလိုက်တယ်လို့ သိရပါတယ်။ #Crd