မြန်မာအမျိုးသမီးဖူဆယ်အသင်း ပြိုင်ပွဲတင်ရန်လေ့ကျင့်နေကြပြီ

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က တာဝန်ယူကိုင်တွယ်နေပြီး ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်နေလျက်ရှိကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။

AFF သည် အာဆီယံအမျိုးသားဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲများကိုသာ ကျင်းပခဲ့ဖူးပြီး ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ယခုမှ ပထမဆုံးကျင်းပမည်ဖြစ်သော်လည်း ဆီးဂိမ်းစ်အမျိုးသမီးဖူဆယ်ပြိုင်ပွဲကိုမူ ငါးကြိမ်ကျင်းပဖူးပြီး  မြန်မာအမျိုးသမီးအသင်းမှာ ကြေးတံဆိပ်ဆုတစ်ကြိမ် ရရှိခဲ့ဖူးသည်။