ကိုယ်ပေးတာကိုယ်ပြန်ရတာ

ကံဆိုးလိုက်
ကံကောင်းလိုက်
ဖြစ်နေရခြင်းဟာ
ကိုယ်ပေးထားတာတွေ
ကိုယ်ပြန်ရနေတာပါ။

ကိုယ်က
မမှန်မကန်
အကြံအဖန်စိတ်ထားနဲ့
သူတစ်ပါးကို ပေးမိတော့
ကိုယ်ပြန်ရတော့လည်း
မတန်မရာတွေဘဲ ပြန်ရတာပဲ။

စေတနာ
အပြည့်အဝထားပြီး
ပေးလိုက်တဲ့အရာမှန်သမျှကတော့
တူသောအကျိုးတင်မက
ပြည့်ပြည့်ဝဝ ပြန်ရတတ်ပါတယ်။

ကိုယ်က စိတ်ချမ်းသာရင်
ကိုယ်နဲ့ဆက်ဆံနေရတဲ့
မိသားစု၊ ပတ်ဝန်းကျင်အပေါ်မှာ
စိတ်ဆင်းရဲမှုတွေ မပေးရဘူး။

ဒါ့ကြောင့်
တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်ဖေးကူရင်း
ပေးရမှာချင်းအတူတူ
ကိုယ်မလိုချင်တာ၊ မရချင်တာတွေ
သူတစ်ပါးကို မပေးမိပါစေနဲ့။
ကိုယ်လိုချင်တာ၊ ရချင်တာတွေကိုပဲ
သူတစ်ပါးကိုပေးတတ်ပါစေ။ 🙏🙏🙏

မေတ္တာဖြင့်

အရှင်ဇဝန(လယ်ဝေး)