ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ညွှန်းကိန်းရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံဟာဒေသတွင်းမှာ အကြမ်းဖက်မှုအန္တရာယ် အမြင့်မားဆုံးနိုင်ငံအဖြစ်ရောက်ရှိနေပါတယ်။
Global Terrorism Trend and Analysis Center မှ ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုညွှန်းကိန်းဟာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးလာနေပြီး အကြမ်းဖက်မှုအမျိုးမျိုးဟာ မြန်မာနိုင်ငံအခြေစိုက် CDF ၊KNDF အဖွဲ့တွေအပါအဝင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့လုပ်ရပ်ဖြစ်တာကို မီးမောင်းထိုးပြထားပါတယ်။
ဒါ့အပြင် အဆိုပါ အစီရင်ခံစာမှာ “ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ PDF မှာ ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွါးခဲ့သော အကြမ်းဖက်ဖြစ်ရပ်များ၏ အဓိကကျူးလွန်သူများဖြစ်ကြပြီး ကျူးလွန်မှုအားလုံးအနက် ၅၀ ရာခိုင်နှုန်း (၁၉၈ )မှု၊ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံ CDF မှာ ၇ ရာခိုင်နှုန်း(၂၉ )မှု၊ကရင်နီကာကွယ်ရေးတပ်အမည်ခံ KNDF မှာ အခြား ၇ ရာခိုင်နှုန်း(၂၇ )မှုကို ကျူးလွန်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်ဖြစ်ရပ် ၁၄ ရာခိုင်နှုန်းသာလျှင် အဆိုပါကျူးလွန်သူများနှင့် မသက်ဆိုင်ကြောင်း“ ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့အချက်အလက်တွေကို အမေရိကန်အစိုးရကဖိအားပေးလို့ နိုင်ငံရေးအကြောင်းပြချက်နဲ့ PDF တွေရဲ့အကြမ်းဖက် ကိန်းဂဏန်းတွေကို ပြန်ဖြုတ်ချခဲ့ပါတယ်။
ပြန်မဖြုတ်ချခင် ဒီခိုင်မာတဲ့အချက်အလက်တွေဟာ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့တွေအတွက် မှတ်တမ်းများအဖြစ် သိမ်းဆည်းထားနိုင်လိုက်ပါတယ်။
အဲ့ဒီအစီရင်ခံစာက အသေးစိတ်ဖော်ပြချက်တွေအရ မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်ဖြစ်ရပ်တွေဟာ PDF တွေကြောင့်ဆိုတာ သိသာပေါ်လွင်နေပြီး အဲ့ဒီအစီအရင်ခံစာမှာ နှိုင်းယှဉ်ဖော်ပြချက်တွေအရ ကမ္ဘာကျော် ISIS အကြမ်းဖက်အဖွဲ့ထက်တောင် ပိုဆိုးနေတယ်လို့ ဆိုပါတယ်။
ဒီလိုဖြစ်ရတာဟာ ပြည်ပမှာ တိမ်းရှောင်ပြီးနွေဦးတော်လှန်ရေးအကြောင်းပြ အလှူခံလုပ်စားနေတဲ့ နိုင်ငံရေးလှုပ်ရှားသူလို့ခေါင်းစဉ်တပ်ထားတဲ့ NUG CRPH အဖွဲ့တွေရဲ့ကြိုးကိုင်စီမံမှုကြောင့် ပြည်တွင်းက PDFလေးတွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ခိုက်မှုတွေမှာ ဘယ်သူပဲသေသေ ကိုယ့်နိုင်ငံသားတွေပဲဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်နည်းလမ်းနဲ့ရယူဖို့ ကြိုးစားတာတွေကြောင့် ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေကို လျော့နည်း ပပျောက်ရေးနဲ့ နိုင်ငံတစ်ဝှမ်းတည်ငြိမ်အေးချမ်းအတွက်ထွက်ပေါက်က လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပဲဖြစ်ပါတယ်။
ရွေးကောက်ပွဲအမြန်ဆုံးပြုလုပ်ပြီး ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့အစိုးရတစ်ရပ်ပေါ်ပေါက်လာပါစေလို့ ဆုမွန်ကောင်းတောင်းလိုပါတယ်။