ရခိုင်စစ်ရှောင်စခန်းတွေက အရေပြားရောဂါအများစုက ဝဲရောဂါများသာဖြစ်

ရခိုင်ပြည်နယ်မြောက်ပိုင်း က မြို့တွေ ဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေက စစ်ဘေးရှောင်တွေမှာ ကူးစက်ဖြစ်ပွားနေတဲ့ အရေပြားရောဂါတွေဟာ ဝဲရောဂါ အများစုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နေသိရပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ ပြီးခဲ့တဲ့ဇွန်လ ထဲက အရေပြားရောဂါကူးစက်မှုတွေကို ခံစားနေရတာဖြစ်ပြီး အရေပြားရောဂါဖြစ်ပွားသူ ၅၀၀ ကျော်မှာ အသက် ၁၀နှစ်အောက်ကလေး ၁၀၀ ကျော် ပါဝင်ကြောင်း နဲ့ ဆေးဝါးတွေလိုအပ်ကြောင်း ဒေသတွင်း သတင်းတွေကဖော်ပြပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လက်လှမ်းမှီသလာက် စစ်ဘေးရှောင်စခန်းတွေကို သွားရောက် ကုသစစ်ဆေးခဲ့ရာမှာ ဝဲရောဂါကတဆင့် မပျောက်ကင်းနိုင်ပဲ ပိုးဝင်တဲ့အရေပြားရောဂါတွေအထိဖြစ်ရလို့ဆိုပါတယ်။

crd