စက်တင်ဘာလ ၂၃ ရက်က မူဆယ်မြို့ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မူဆယ်ခရိုင်မှ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ လိုက်ပါပြီး မူဆယ်မြို့တွင်း တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုအဖွဲ့ ကျားဖြန့်များအား ရှာဖွေဖမ်းဆီးရန် ထွက်ခွာလာစဉ် မင်္ဂလာမူဆယ်အိမ်ရာရှိ ကျားဖြန့်လုပ်ငန်းလုပ်နေတဲ့ အဆောက်အဦးတစ်ခုအပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါအဆောက်အဦးအား ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်…။
အဆိုပါအဆောက်အဦးအတွင်းမှ တရုတ်နိုင်ငံသား ကျား ၈၀ ဦး၊ မ ၃ ဦး၊ မြန်မာနိုင်ငံသား ကျား ၁၄၇ ဦး၊ မ ၂၈၃ ဦး၊ ပေါင်း ၅၁၃ ဦးတို့အား ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရ မိခဲ့ပြီး သတင်းဆက်လက်ဖော်ထုတ်ချက်အရ ဟိုမွမ်ရပ်ကွက်ရှိ နေအိမ်တစ်ခုအား သွားရောက်ရှာဖွေခဲ့ရာ- လက်နက် ၅ လက်၊ ကျည်အိမ ၆ ခု၊ ကျည် ၇၇ တောင့်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်…။
ဖြစ်စဉ်မှာ မိမိဘက်က ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးရမိတရားခံတွေအား ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်…
တိုက်ပွဲသတင်းစုံ