ရေဘေးကျရောက်ခံစားခဲ့ရတဲ့ ဒေသများသို့ သွားရောက်ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ကြတဲ့ လူမှုအဖွဲ့အစည်းများထဲမှာ ခိုင်နှင်းဝေရဲ့ လုပ်ဆောင်ချက်တွေကလည်း တစ်ကယ်ကို ချီးကျူးလေးစားစရာ ကောင်းလှပါတယ်။ ရေဘေးကြုံနေရတဲ့ ဒေသတွေကို အရောက်သွားပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရဲ့ လက်ထဲအရောက် စေတနာထက်သန်စွာ ကူညီဆောင်ရွက်ပေးနေကြတာပဲ ဖြစ်ပါတယ်။ ကလောရေဘေးအတွင်းမှာလည်း ခိုင်နှင်းဝေအနေဖြင့် “ကလောမြို့ အိ.မ်..ပြို သွားသော အိမ်ထောင်စု..(၁၅၅) အိမ် အတွက် တစ်အိမ်ထောင် လျှင် ငွေသား သီးသန့် သိန်း (၃၀) နှုန်းဖြင့် သိန်း (၅) ထောင် ဝန်းကျင် ကို ကူညီ မျှဝေပေးဖြစ်ခဲ့ပါတယ် ရှင်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ မျှဝေထားတာပဲ ဖြစ်ပါတယ်။




