လေဖြတ်ခြင်း စတင်ဖြစ်ပေါ်ပါက - မျက်နှာ၊ လက် (သို့)ခြေထောက်များထုံကျင်ခြင်း၊ အထူးသဖြင့် ခန္ဓာကိုယ်တစ်ခြမ်းလှုပ်ရှားလို့ မရတော့ခြင်း၊ - စကားကိုသဲကွဲစွာမပြောနိုင်ခြင်း၊ကယောင်ချောက်ချားမရေမရာစကားများပြောနေခြင်း၊ - အမြင်အာရုံထိခိုက်ခြင်း၊ - အားအင်ချိနဲ့၍လမ်းမလျှောက်နိုင်ခြင်း၊ မူးေ၀ခြင်း (သို့) ခန္ဓာကိုယ်ကိုမထိန်းနိုင်တော့ခြင်း၊ - ရုတ်တရက်စိတ်ရှုပ်ထွေးခြင်း - အလွန်အမင်းခေါင်းကိုက်လာခြင်းစတဲ့လက္ခဏာတွေဟာအရေးပေါ်အခြေအနေဖြစ်တာကြောင့် ဆရာ၀န်နှင့်ချက်ချင်းပြသသင့်ပါတယ်။ ၁။ ပထမဆုံးရောဂါလက္ခဏာဖြစ်ပွားတဲ့အချိန်ကိုမှတ်သားထားပါ။ အထက်ပါရောဂါလက္ခဏာတွေ စတင်ခံစားရတဲ့အချိန်တိတိကျကျကို ဆရာ၀န်အားပြောပြပါ။ - လေဖြတ်ပြီး…