အုတ်တွင်းမြို့ နယ်တွင် အစာအဆိပ်သင့်၍ ရေဘေးသင့်ပြည်သူ ၄၆၁ ဦး ဆေးရုံတက်ရောက်နေရတယ်လို့ Mizzima မှ မဟုတ်မှန်ရေးသား

စက်တင်ဘာလ ၁၈ ရက်နေ့ အုတ်တွင်းမြို့ နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် ရေဘေးသင့်ပြည်သူများထဲမှ အစာအဆိပ်သင့်၍ ဆေးရုံတွင် တက်ရောက်ကုသသူ အပြင်လူနာ ၆၈ ဦးနှင့် အတွင်းလူနာ ၆၅ ဦး စုစုပေါင်း ၁၂၃ ဦးသာဖြစ်ပြီး Mizzima မှ မြေပြင်အမှန်အတိုင်းမရေးဘဲ ရေဘေးဒုက္ခကြုံတွေ့နေရသော အများပြည်သူများအား စိုးရိမ်မှုလွန်ကဲပြီး ပူပင်သောကရောက်စေရန် အစာအဆိပ်သင့်ပြည်သူ ၄၆၁ ဦးရှိတယ်ဆိုပြီး စာနာမှုကင်းမဲ့စွာ မဟုတ်မမှန် သွားပုတ်လေလွှင့်ရေးသားနေခြင်းသာဖြစ်ပါတယ်။