အထူးမိုးလေဝသ သတင်း

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၅နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်အရာ ယနေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်လိုက်ပါတယ်.။ #Crd