CIA ဩဇာခံဖြစ်နေတဲ့ NUG က နောက်ထပ် CIA ဩဇာခံဖြစ်တဲ့ KIA/AA/MNDAA နဲ့ပေါင်းပြီး နိုင်ငံတော်ကိုဖျက်ဆီးဖို့ကြံစည်လုပ်ဆောင်လာနေခဲ့တာ အခုတော့ သူတို့ထဲက MNDAA ကခွဲထွက်ပြီး ၎င်းတို့အနေဖြင့် NUG ဆိုတဲ့ပြည်ပြေးအဖွဲ့နှင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ခဲ့တာ မရှိသလို ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ဆိုကာ ထုတ်ပြန်ချက်တွေ ထုတ်ပြီး NUG ရဲ့ နှာနုကိုဖြတ်ရိုက်လိုက်တယ်။
NUG ကတော့ သူတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုပြီး အောင်မြင်မှုတွေမှာ ချော်လဲရောထိုင်ပြီး နိုင်ငံရေးဇာတ်ခုံမှာ လူရာဝင်ဖို့ လုပ်ခဲ့တာသမျှ ခုတော့ သဲထဲရေသွန် လူမလေးခွေးမခန့်အဖွဲ့ဖြစ်သွားပြီ…
နောက်တစ်ခုအနေနဲ့ CIA ရဲ့ CELL တွေကို ပြင်းထန်တဲ့ဆောင်ရွက်မှုတွေလုပ်ခဲ့လို့ MNDAA ကတော့ လက်ရှောင်သွားပြီး နောက်ထပ် KIA / AA ကိုရော ဘယ်လိုဆောင်ရွက်ဦးမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲ…..
