လူတိုင်း လူတိုင်း
ကိုယ့်ကိုယ်ကို သိပ်ချစ်တယ်။
ကိုယ့်ကိုယ်ကို သိပ်ကောင်းစေချင်တယ်။
ဒါပေမယ်လို့—
အဲသလို ချစ်ပါတယ်၊
ကောင်းချင်ပါတယ်ဆိုတဲ့ ကိုယ်။
ကိုယ်က အရည်အသွေးရှိအောင်
လုပ်မထားဘူးဆိုရင်
အဲဒီ ကိုယ်ဟာ ကိုယ့်အတွက်
အားကိုးရာ မဟုတ်ဘူး ဖြစ်သွားတယ်။
အဲတော့ ကိုယ်ထဲမှာလည်း
အားကိုးစရာရှိအောင် လုပ်ထားမှ
အားကိုးလို့ ရတယ်။
ဘာမှ အားကိုးရာ ရှာမထားတဲ့ ကိုယ်ဟာ
ကိုယ့်အတွက် အားကိုးရာ မဖြစ်နိုင်ဘူး။
ကိုယ့်ကိုယ်ကို ဆုံးမမှ အားကိုးရာ
အစစ်အမှန်ကို ရမယ်။
ဒါနဖြစ်အောင် ဆုံးမရမယ်။
သီလဖြစ်အောင် ဆုံးမရမယ်။
ဘာဝနာဖြစ်အောင် ဆုံးမရမယ်။
သစ္စာရွှေစည်ဆရာတော်
