တပ်ကုန်းမြို့နယ်၊ ချောင်းကြားကျေးရွာတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အလှူရှင်များ လာရောက်လှူဒန်းသည့် အစားအသောက်များအား စားသောက်ပြီးနောက် ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းများဖြစ်သည့် အစာအဆိပ်သင့်ခြင်းများ ဖြစ်ပွားခဲ့ပြီး တပ်ကုန်း(ခုတင်-၁၀၀)တွင် ပြင်ပလူနာ ၅၀ ဦး အတွင်းလူနာ ၅၆ ဦးနှင့် နေပြည်တော်(ခုတင်-၃၀၀)တွင် အတွင်းလူနာအဖြစ် ၄ ဦးတက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းအား ရရှိချိန်မှာပင် ချောင်းခြားကျေးရွာသို့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များသည် ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။