သူ့အလှည့်ကြတော့
ငါက ခွင့်လွှတ်လိုက်ရတာ။
ငါ့အလှည့်ကြတော့
သူလုပ်ရက်လိုက်တာဆိုပြီး
စိတ်မကောင်းဖြစ်မနေပါနဲ့။
ဘာလို့လဲဆိုတော့
သူ့ကို ခွင့်လွှတ်နိုင်တာကိုက
မင်းဆီမှာ သူ့ထက်သာတဲ့
ခွင့်လွှတ်ခြင်းတွေ ရှိနေတာပဲလေ။
ခွင့်လွှတ်သည်းခံခြင်းဆိုတာ
အများအမြင်မှာ
ရိုးအတယ်ထင်ရပေမယ့်
ခွင့်လွှတ်နိုင်ရင်
ခွင့်လွှတ်နိုင်သလောက်
သည်းခံနိုင်ရင်
သည်းခံနိုင်သလောက်
တကယ်မြင့်မြတ်တဲ့အလုပ်ပါ။
ဒီလိုလေးတွေးလိုက်ရင်
အေးချမ်းသွားမှာပါ။
မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)