နာမည်ကျော်ဂျာနယ်လစ်နှင့် ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်က မန်ယူနည်းပြ တန်ဟက်ဂ်သည် မန်ယူအသင်းကို အရင်လိုအောင်မြင်မှုများ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်မည့်သူ မဟုတ်ကြောင်းနှင့် ထိပ်တန်းကစားသမားများကို ကိုင်တွယ်နိုင်သူမဟုတ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့သည်။
ပီယာ့စ်မော်ဂန်သည် ၂၀၂၂ ခုနှစ်တွင် ၎င်းနှင့် ခင်မင်ရင်းနှီးသည့် စီရော်နယ်လ်ဒို တန်ဟက်ဂ်နှင့် ပြဿနာဖြစ်ပြီး မန်ယူအသင်းမှထွက်ခွာခဲ့ရပြီးကတည်းက တန်ဟက်ဂ်ကို ကြမ်းတမ်းသည့်စကားလုံးများနှင့် ဝေဖန်ခဲ့သူဖြစ်သည်။ ၎င်းသည် မန်ယူအသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာခဲ့ရပြီးနောက် တန်ဟက်ဂ်ကို လူပြက်ဟု တံဆိပ်ကပ်ခဲ့ပြီး ယခုအခါ ပိုမိုပြင်းထန်သည့်စကားလုံးဖြင့် ဝေဖန်ခဲ့ခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီက FA ဖလား ရရှိခဲ့ခြင်းကြောင့် မန်ယူနည်းပြအဖြစ် ဆက်ရှိနေသည့် တန်ဟက်ဂ်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရပြီး ပွဲစဉ် (၃) အပြီးတွင် (၂) ပွဲအထိ ရှုံးနိမ့်ထားသည်။
ပီယာ့စ်မော်ဂန်က တန်ဟက်ဂ်သည် ထိပ်တန်းကစားသမားများကို ကိုင်တွယ်နိုင်သူမဟုတ်ကြောင်းလည်း လူတိုင်းသိမှာပါ။ စီရော်နယ်လ်ဒို၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ကို သူ မကိုင်တွယ်နိုင်ဘူး။ မန်ယူကိုကြည့်လိုက် အခုရာသီက မနှစ်ကထက်တောင် ပိုဆိုးတယ်”ဟု ၎င်းက ဆိုခဲ့သည်။