နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စပ်တင်ဘာ (၇)ရက်နေ့ကနေပြည်တော်ရှိ (Naypyitaw State Academy)နှင့် (Naypyitaw State Polytechnic University)တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်၊
ဦးစွာ နစကဥက္ကဋ္ဌငည် (Naypyitaw State Academy )သို့ရောက်ရှိပြီး တက္ကသိုလ်ပရိဝုဏ်အတွင်း (၂၀၂၄)ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များရှင်သန်ဖြစ်ထွန်းလျက်ရှိမှု၊ တက္ကသိုလ်အတွင်း ဘွဲ့နှင်းသဘင်ခန်းမနှင့် စာသင်ဆောင်များ ဆောက်လုပ်လျက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်၊
ထို့နောက် (Naypyitaw State Polytechnic University )သို့ရောက်ရှိကြပြီး (၂၀၂၄ )ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းလျက်ရှိမှု၊ အဆောက်အဦများဆောက်လုပ်လျက်ရှိမှုနှင့် ဘောလုံးကွင်း တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းလည်း သိရသည်။