စက်တင်ဘာလ ၇ ရက် နေ့လည် ၁၁ နာရီခန့်မှာ ဖားကန့်မြို့ဝန်းကျင် နယ်မြေရှင်းလင်းစဉ် လုံခြုံရေးစစ်ကြောင်းတစ်ကြောင်းဟာ ဖားကန့်မြို့ရဲ့ အနောက်တောင်ဘက် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ၁ ခုအနီး KIA အကြမ်းဖက် တစ်ဖွဲ့ ရောက်ရှိနေကြောင်း ဒေသခံ ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ KIA နှင့် KPDF ပူးပေါင်းအင်အား ၂၀ ဦးခန့်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ သေဆုံးအလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဆွဲယူကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း-
ပစ္စတို ၂ လက်
အမ်အေ(၃) ၄ လက်
ကျည်အိမ် ၂၄ ခု
ကျည် ၁၀၀၅ တောင့်
လက်ပစ်ဗုံး ၁၁ လုံး
ဂျင်နရေတာ ၁ လုံး
လမ်းလျှောက်စကားပြောစက် ၂၃ လုံး
အိုင်ကွန်အထိုင်စက် ၄ လုံး
ကျည်ကာအင်္ကျီ ၂ ထည်
ကျည်ကာဦးထုပ် ၂ လုံး
ပြောက်ကျားယူနီဖောင်း ၅ စုံ
လွယ်ကြိုး ၄ ချောင်း
အားသွင်းခုံ ၂၁ ခု သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရ။