ဝမ်ယိလာပြီးနောက်ပိုင်း TNLA ကို အပစ်ရပ်ဖို့ ရွှေလီက စာထုတ်ခဲ့သော်လည်း တောင်ခမ်းကို TNLA က ဆက်တိုက်ခိုက်နေလို့ ပလောင်ဌာနချုပ်စခန်းတွေနဲ့ ကွပ်ကဲမှုနေရာတွေ အတိအကျ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ ပါတယ်။
TNLA ကွပ်ကဲမှုနေရာတွေကို တရုတ်ဂြိုလ်တုက ထောက်လှမ်းသတင်းပေးခဲ့တာကြောင့် နစကရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုမိုထိရောက်ခဲ့ပြီး TNLA တေါ အထိနာခဲ့ကြပါတယ်။
တရုတ်ကြီးက ဝမ်ယိခရီးစဉ်နောက်ပိုင်း သိသိသာသာ နစကကို ထောက်ခံအားပေးလာခဲ့ပြီး သူ့တပည့် မြောက် ၃ ကောင်ကို ထိန်းချုပ်လာတာ တွေ့မြင်နေရပါတယ်။
ဝမ်ယိခရီးစဉ်နောက်ပိုင်း နစကရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေမှာ ပစ်မှတ်တိကျပြီး ထိခိုက်မှုများ လာတာဟာ တိုက်ဆိုင်မှုမဟုတ်ဘူးလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
တိုက်ပွဲသတင်းစုံ