မျောက်သစ်ကိုင်းလွတ်တော့မယ့် NUG

MNDAA ထုတ်ပြန်ချက်မှာ NUG ကို လူရာမသွင်းဘူးလို့ဆိုရမှာပဲ။ သူပုန်ကတောင်လူရာမသွင်းဘူး။ တိုင်းရင်းသားလက်နက်ကိုင်ဆိုတာ အစိုးရကို နှစ်ပေါင်းဆယ်ချီပြီး တိုက်ပွဲဝင်နေတာ။ သူတို့မှာ စစ်ရေးအတွေ့အကြုံနဲ့ နိုင်ငံရေးအတွေ့အကြုံမှာ အပါးဝပြီးသား။ အမေရိကန်က ထောက်ခံအားပေးမှုနဲ့ မနေ့တစ်နေ့ကမှ NUG ဆိုပြီး ဖြစ်လာတဲ့အဖွဲ့ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေက အချဉ်သဘောမျိုးလောက်သတ်မှတ်ထားတာ။

NUG ကိုမှီခိုပြီးတော့ဖြစ်လာတဲ့ PDF ဆိုတဲ့အဖွဲ့ကလည်း မနေ့တစ်နေ့ကမှပေါ်လာတာ။ လက်ရှိစစ်ဆင်ရေးတွေမှာ ဆုံးရှုံးခဲ့ရတဲ့မြို့တွေအပေါ် EAOs ကိုကျော်ပြီး NUG က သူတို့လုပ်တဲ့ပုံစံနဲ့ အလုံးစုံဒိုင်ပင် ပစ်ဝင်တဲ့တာကိုသိတော့ ခုနောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လူရာသွင်းမခံရတော့တဲ့အခြေအနေထိဖြစ်လာပြီ။ ယခင်ကတော့ တရုတ်အစီအမံနဲ့ပေါ့။

နောက်ပိုင်း တရုတ်စကားကိုနားမထောင်တော့ဘဲ CIA ရဲ့ စနက်ပါလာတော့ အကျိုးစီးပွားထိခိုက်လာတဲ့ တရုတ်က နှိပ်ကွပ်တဲ့သဘောပဲ။ NUG ကို ဆရာတင်ခဲ့တဲ့ PDF ဆိုတာကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဘုံကျွန်ဘဝနဲ့ စစ်တိုက်ပေးတယ်။ စစ်ပွဲတွေမှာ ရှေ့ဆုံးကနေ အတုံးအရုံးသေပေးနေတာ အညာဒေသက ငတုံး PDF တွေ။

စိတ်တော့မကောင်းပေမယ့် ဘယ်သူမပြု မိမိမှုပဲ။ နောက်ဆုံးတော့ NUG နဲ့ PDF တွေဘဝက “ဆုပ်လည်းစူး၊ စားလည်းရူး” ဖြစ်နေပြီ…

///နှင်းမောင်