လူသစ်စုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့ UWSA

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂  နာရီခန့်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာ အုပ်စု၊ မိုင်းကန်းကျေးရွာရှိ UWSA အထူးဒေသ ၂ မှ အမည်/ခေါင်း ဆောင်(စိစစ်ဆဲ)အဖွဲ့သည် အသက် ၁၅ နှစ် အထက်ရှိ ကလေးငယ် ကျား ၃၄ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၃၇ ဦးတို့အား ယာဉ်အမှတ် 5Q-8877(Vigo/အဖြူရောင်)ယာဉ်ပါ မော်တော်ယာဉ် ၁၁ စီးဖြင့် မိုင်းကန်းကျေးရွာမှ ခေါ်ဆောင် ထွက်ခွာလာရာပြီး ၎င်းကလေးငယ်များအား မိုင်းတုံမြို့နယ်၊ မုံးထမြို့၊ UWSA အထူးဒေသ ၂၊ စစ်ဒေသ ၁၇၁ နယ်မြေ၊ မုန်းကျွတ်ကျေးရွာရှိ စစ်သင်တန်းကျောင်း၌ အခြေခံစစ်သင်တန်းတက်ရောက်ရန် အတွက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

UWSA အထူးဒေသ ၂၊ စစ်ဒေသ ၁၇၁ နယ်မြေတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတတိယပတ်မှစတင်၍ အသက် ၁၅ နှစ်ပြည့်ပြီးသူများအား အခြေခံစစ်သင်တန်း တက်ရောက်ရန်အတွက် လူသစ်စုဆောင်းခြင်း၊ နယ်ဝေးခရီးလွန်နေသော သား/သမီးများအား နေရပ်သို့ ပြန်လာ၍ အခြေခံစစ်သင်တန်းတက်ရောက်ရန် ညွှန်ကြားထားရှိကြောင်း သတင်းရရှိသည်။