မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အတွင်းအေးအောင်ကြိုးစားပါ🌷

ကိုယ်မကြိုက်တဲ့ ပစ်ချက်တွေ
သူများမှာလည်း ရှိနိုင်သလို

ကိုယ်မှာလည်း သူများမကြိုက်တဲ့
ပစ်ချက်တွေရှိနိုင်ပါတယ် ။

မကောင်းကွက်ကိုသာ
မြင်တတ်မယ်ဆိုရင် ပေါင်းသင်းမှုမှာ
ဘယ်လို့မှ အဆင်မပြေနိုင်ပါဘူး ။

ကိုယ်နဲ့တူညီတဲ့အကွက်ကိုကြည့်ပြီး
အဆင်ပြေအောင် နေကြရမှာပါ ။

ကိုယ်မကြိုက်တိုင်း လူတကာနဲ့
ရန်ဖြစ်နေရင် အသိဉာဏ်မဲ့ပါတယ် ။

လောကကြီးကကိုယ်ကြိုက်တာထက်
မကြိုက်တာတွေ အမြင်မတော်တာတွေက
နေရာတကာ ပိုပြီးတော့များလို့

မကောင်းတိုင်း တုန့်ပြန်နေမယ်ဆိုရင်
အကုသိုလ်များစွာ တိုးနိုင်ပါတယ် ။

ဒါကြောင့် ဘ၀မှာ
အမြင်စရိုက်မတူတာကိုနားလည်ပြီး

ကိုယ့်အမြင်ကြည်အောင်ပြင်ဆင်လို့
ခွင့်လွှတ်သည်းခံနေပြီးတော့
အတွင်းအေးအောင်သာကြိုးစားပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏