မျောက် ၃ ကောင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ ကြေငြာလိုက်ရင် ဘာဖြစ်မလဲ ဆိုပြီး မေးသူများအတွက်ပါ။
နည်းဥပဒေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အသေးစိတ်ရှိပေမယ့် အရေးကြီးတာလောက်ပဲ ပြောပါ့မယ်။
အကျုံးဝင်တဲ့နိုင်ငံတွေ အထူးသဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးမှာအဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်ထားတဲ့ နိုင်ငံ တွေမှာ တရားခံတွေကို တရားဝင် တောင်းဆို ပိုင်ခွင့်ရှိသွားမှာပါ။
အကြမ်းဖက်အဖွဲ့အစည်း အဖြစ်နဲ့ ကြေငြာလိုက်လို့ …. ငွေကြေးခဝါချမှုတွေလည်း အကျုံးဝင်လာမှာ ဖြစ်သလို နိုင်ငံတွင်းပြောဆိုတဲ့ ဖုန်းလိုင်းတွေကအစ တရားဝင်ကြားဖြတ်ဖမ်းယူခွင့် အစိုးရဆီမှာ ရှိသွားတော့မှာ ဖြစ်လို့…. အကြမ်းဖက်နဲ့ ဆက်နွယ်နေသူမှန်သမျှ အတွက်တော့ ရင်လေး စရာပါ။
ဒါဟာ အကြမ်းဖက်အဖွဲ့အစည်းဝင် သူတွေတင်မကဘူး။ အကြမ်းဖက်နဲ့ ဆက်နွယ်သူမှန်သမျှ သက်သေ အခိုင်အမာ တွေ့ရှိခဲ့ရင် ၊ မိသားစုဝင်နဲ့ ထောက်ပို့သမားတွေကအစ ကြီးလေတဲ့ ပြစ်ဒဏ်ခံရမှာပါ။
အဓိက အချက်ကတော့ ဒီဥပဒေဟာ ပြည်ပနိုင်ငံတွေအထိပါ အကျုံးဝင်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ငွေကြေးတွေကအစ ပိတ်သိမ်းအရေးယူပိုင်ခွင့်ရှိမှာဖြစ်သလို နိုင်ငံဖြတ်ကျော် သွားလာခွင့်တွေကိုလည်း ကန့်သတ်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ခံတဲ့နိုင်ငံဟာ အကြမ်းဖက်ဥပဒေ တိုက်ဖျက်ရေးဥပဒေနဲ့ပါ ငြိမှာ ဖြစ်ပါတယ်။ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေကလည်း အကြမ်းဖက်အားပေး နိုင်ငံတွေ ဖြစ်သွားပါလိမ့်မယ်။
အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အိမ်မက်ဆိုးကတော့ ချိတ်ပိတ်၊ သိမ်းဆည်းခံထားရတဲ့ ငွေကြေးတွေကို ရယူသုံးစွဲပိုင်ခွင့်ရှိတဲ့ အခန်း (၁၁) ရဲ့ ပြဌာန်းချက်ပါပဲ။ အကြမ်းဖက်အဖွဲ့အစည်းကို တိုက်ဖျက်သူမှန်သမျှဟာ နိုင်ငံတော်အဆင့် ချီးမြှင့်ငွေကိုလည်း ရယူပိုင်ဆိုင်ခွင့်ရှိဦးမှာဖြစ်လို့ အတော်လေး အကြပ်ရိုက်မဲ့ ပြဿနာပါပဲ။
ဒါဟာ တရုတ်နဲ့ မျောက် ၃ ကောင် ဆွေးနွေးပြီးတဲ့ သတင်း ထွက်ပေါ်လာချင်းချင်းမှာ နစက ဘက်က ချက်ချင်း တုန့်ပြန်လာတဲ့အချက်ပါ။ မျောက် ၃ ကောင်အနေနဲ့ မူးယစ်ဆေးနဲ့ လက်နက်တွေရောင်းပြီး ငွေဖော်လည်း ဒီဥပဒေအရ ချိတ်ပိတ်သိမ်းဆည်း ခံရမှာဖြစ်လို့… ဘယ်လို ထွက်ပေါက်ရှာမလဲ စဉ်းစား စရာပါပဲ။
(နရီမိုး)