အနန်းကွင်းရွာတွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးရ

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က ကရင်ပြည်နယ် ၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာရှိ လုံခြုံရေးစခန်းသို့ နေရာ ၂ နေရာမှ KNLA တပ်မဟာ (၆) ၊ ရင်း(၁၆)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ အနေနဲ့ ထိခိုက်ဒဏ်ရာရရှိသူများအား ဆွဲယူကာ အရှေ့တောင်ဘက်သို ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်

တိုက်ပွဲအတွင်း အလောင်းလက်နက် ဖမ်းဆီးရရှိမှု အနေဖြင့်…

-အကြမ်းဖက် ၂ လောင်း
-အမ်အေ(၁) ၁ လက်
-အမ်(၁၆) ၁ လက်
-အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်