ကျိန္တလီဝန်းကျင် တိုက်ပွဲများအခြေအနေ

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများရဲ့ တစ်ကြော့ပြန်တိုက်ပွဲများ ဖော်ဆောင်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲပြီး ဒေသခံပြည်သူများ လယ်၊ယာ လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိလို့ စားနပ်ရိက္ခာများ အခက်အခဲဖြစ်ပေါ်လျက်ရှိပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့/ရွာ အချို့ကို ထိန်းချုပ်ထားနိုင်တဲ့ AAအဖွဲ့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းကိုလည်း ထိုးစစ်ဆင် ဆက်လက်တိုက်ခိုက်လာပြီး ဆန်ရေစပါး ပေါကြွယ်ဝတဲ့ ဧရာဝတီတိုင်းကို ချိတ်ဆက်နိုင်ဖို့အတွက် ဂွ၊ ကျိန္တလီမြို့တွေကို ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရခိုင်ပြည်သူအများစုဟာ AA အကြမ်းဖက်အဖွဲ့ကို လက်မခံတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကျိန္တလီဝန်းကျင်တိုက်ပွဲများမှာ AA အကြမ်းဖက်အဖွဲ့များ ထိခိုက်ကျဆုံးများပြားလျက်ရှိပါတယ်။

တိုက်ပွဲအတွင်း AA သေဆုံးအလောင်းများ လူမှုကွန်ရက်ပေါ်မှာ မရောက်ရှိစေရေး ကျဆုံးအလောင်းများကို မရ ရအောင် ပြန်လည်ဆွဲယူသည့်စနစ်ကို ကျင့်သုံးသော်လည်း ထိခိုက်ကျဆုံးမှုများပြားပြီး ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားတဲ့ တိုက်ပွဲများမှာ အလောင်းလက်နက်အချို့ ကျန်ရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

အလောင်း/လက်နက်ရတဲ့ ဖြစ်စဉ်အချို့မှာ-
• ဩဂုတ် ၁၈ ရက်၊ ကျိန္တလီ မြို့တစ်ဝိုက်နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် AA ၉ လောင်း၊ သေနတ်မျိုးစုံ ၇ လက်
• ဩဂုတ် ၁၉ ရက်၊ မြို့၏တောင်ဘက် မီတာ ၁၇၀၀၀ ခန့်အကွာတိုက်ပွဲဖြစ်စဉ်တွင် အအကြမ်းဖက် AA ၃ လောင်း နှင့် လက်နက် ၂ လက်

ဩဂုတ်လ ၂၁ ရက်၊ ညနေပိုင်းအထိ ကျိန္တလီမြို့ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး AA တပ်ဖွဲ့အနေဖြင့် ရိက္ခာခဲယမ်းအခက်အခဲနှင့်ရင်ဆိုင်နေရပြီး လုံခြုံရေးတပ်ဖွဲ့များအား ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း သိရပါတယ်။

တိုက်ပွဲသတင်းစုံ