ကလေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးဆိုတဲ့သတင်းအမှား

ဩဂုတ်လ ၂၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သုံးအိမ်စုကျေးရွာနှင့် ရှားတောကျေးရွာတိုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မီးရှို့ခြင်းမရှိဘဲ စည်ပင်ကြီးရွာအနီး PDF အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၃ လောင်း၊ သေနတ် ၄ လက်၊ ကျည် ၄၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ရှော့တိုက်ဒုံး ၁ လုံး၊ မိုင်းမျိုးစုံ ၅ လုံး၊ ဘက္ထရီအိုး ၁ လုံးနှင့် ဝါယာကြိုးခွေ ၁ ခွေတိုရရှိခဲ့ခြင်းကို မနာလို၍ Khit Thit Media မှ PDF တွေ အလောင်းတောင်မကောက်နိုင်ဘဲ ထွက်ပြေးရတာကို အမှန်မရေးဘဲ နေအိမ်များကို မီးရှိုတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ အများအပြားသေဆုံးခဲ့တယ်ဆိုပြီး အများပြည်သူများ အထင်မှားအောင် အရှက်မဲ့စွာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။