သပိတ်ကျင်းတိုက်ပွဲဖြစ်စဉ်များ

သပိတ်ကျင်းမှာရှိတဲ့ ကျောင်း၊ တပ် ဌာနချုပ်တွေကို TNLA ၊ PDF ပူးပေါင်းအင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ ၃ ရက်ခန့်ကြာပြီဖြစ်ပါတယ်။

တပ်မတော်မှ လေကြောင်းပစ်ကူအပါအဝင် အင်အားဖြည့် စစ်ကူများစေလွှတ်ပြီး အပြင်းအထန် တုန့်ပြန်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့ကတော့ TNLA အဖွဲ့များ သပိတ်ကျင်းရှိ နယ်မြေခံတပ်ဧရိယာအတွင်းအထိ ဝင်ရောက်လာခဲ့သဖြင့် စစ်ကူတပ်များဖြင့် ပြန်လည်တိုက်ထုတ်ခဲ့ရာ ဩဂုတ်လ ၁၈ ရက် ညပိုင်းမှာ TNLA အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

အဲ့ဒိဖြစ်စဉ်မှာ ရန်သူ့ဘက်မှ- ကျား ၄ လောင်း၊ အမ်အေ(၁) ၁ လက်၊ အမ်အေ(၂) ၁ လက်၊ အမ်(၂၂) ၂ လက်၊ အမ်(၇၉) ၁ လက်၊ စက်လတ် ၁ လက် ၊ ကျည်မျိုးစုံ ၁၁၄၆ တောင့်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၁၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၂ စုံတို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။

အလားတူ နေ့လည် ၂ နာရီခန့်က ရေထွက်ကျေးရွာအနီး TNLA၊ PDF ပူးပေါင်းအင်အား ၁၅ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင်-
-ရန်သူ ၁ လောင်း၊ အမ်ဂျီ(၃) ၁ လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ညပိုင်း ၈ နာရီခွဲကလည်း ရေထွက်လမ်းဆုံအနီး အကြမ်းဖက်အင်အား ၂၀ ဦးခန့်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး-

-ရန်သူ့အလောင်း ၁ လောင်း၊ အမ်အေ(၁) ၁ လက်၊ အမ်အေ(၃) ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိမှာတော့ သပိတ်ကျင်းမှာ နှစ်ဖက်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားလျက်ရှိပါတယ်။

အင်တာနက်လိုင်းမရရှိသဖြင့် လိုင်းရရှိပါက ပုံများ ထပ်မံတင်ပေးသွားပါမည်။

တိုက်ပွဲသတင်းစုံ