လေကြောင်းပစ်ကူပေးခဲ့တဲ့ အနန်းကွင်းတိုက်ပွဲ

ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် အနန်းကွင်းစခန်းအား တိုက်ခိုက်ရန်လာတဲ့ အကြမ်းဖက် KNU/PDF အဖွဲ့များနဲ့ တပ်မတော် စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါတိုက်ပွဲဟာ ရန်သူအင်အားအများအပြားနဲ့ ၂ နာရီကျော်ကြာ ကြာမြင်ခဲ့ကာ အကြမ်းဖက်ရန်သူများ အထိနာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် ရန်သူဆုတ်ခွာရာ လမ်းကြောင်းတလျှောက် လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများနဲ့အတူ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရပြီး အကြမ်းဖက် ၁၀ ဦးကျော် သေဆုံး၊ ၂၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။