မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း (၁၀၀)ပံ့ပိုးပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း (၁၀၀)ပံ့ပိုးပေးရန် စီစဉ်ထားသည်ဟု သြဂုတ်လ(၁၄)ရက်နေ့က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့်  ‌ယခုသီတင်းပတ်အတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် ဒေါ်လာ (၆) သန်း၊ တရုတ်ယွမ် (၅)သန်းနှင့် ထိုင်းဘတ် (၁၀)သန်းတို့အား ရောင်းချမည်ဟုလည်း သြဂုတ်လ(၉)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၅)သန်း နှင့် တရုတ်ယွမ် (၅)သန်း တိုကို ရောင်းချပေးခဲ့သည်။

ထို့ပြင်နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လ(၁) ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ‌စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများနှင့် ဓာတ်မြေသြဇာတင်သွင်းသည့် ကုမ္ပဏီများသို့ Fx Trading Platform မှ တစ်ဆင့် ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းတို့အား ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထား သည်။ #Crd