ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာချန်ထန်မန်းနှင့် စက်တင်ဘာလ ၅ ရက်နေ့နံနက်ပိုင်းတွင် ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာချန်ထန်မန်း နှင့်တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာချန်ထန်မန်း တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ…