ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်သင်တန်းတက်ရောက် သူ ၅ ဦး လာရောက်အလင်းဝင်

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြိုနယ်တွင်နေထိုင်သည့် အသက် ၁၇ နှစ်အရွယ်ရှိ လူငယ် ၅ ဦးအား FB ပေါ်တွင် ခင်မင်ရင်းနှီးနေသည့်သူတစ်ဦးမှ ကျိုက်ထိုမြိုနယ်သို အလည်လာရောက်ရန် စည်းရုံးပြောဆို ခဲ့သဖြင့် လူငယ်များမှာ မိဘမများမသိအောင် နေအိမ်မှထွက်လာခဲ့ပြီး ရောက်ရှိသွားချိန်တွင် ကျိုက်ထို မြိုနယ်အတွင်းရှိ တောတွင်းအကြမ်းဖက် စခန်းသိုပိုဆောင်ခဲ့ကာ အကြမ်းဖက်စစ်သင်တန်းအား ခြိမ်းခြောက်၍ အတင်းအဓမ္မတက်ရောက် စေခိုင်းခဲ့ကြောင်းသိရှိပါသည်။

သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အစာရေစာမဝလင်ခြင်း၊ ဆေးဝါးလုံလောက်မူမရှိခြင်း၊ ခွဲခြား ဆက်ဆံခံရခြင်းနှင့် အနှိင်ကျင့်နှိပ်စက်ခံရမူများကြောင့် လူငယ် ၅ ဦးမှာ စခန်းမှထွက်ပြေးလာခဲ့ပြီး မိဘများနှင့်အတူ သုံးခွမြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန်ရှိသူများထံသို ဩဂုတ် ၆ ရက်နေ့က ဆက်သွယ်သတင်းပိုခဲ့ကြောင်း သိရှိရပါသည်။