ဇူလိုင်လ ၂၆ ရက်နေ့ မုံရွာမြို့နယ်၊ မုံရွာ-အရာတော်လမ်းမကြီးအနီးရှိ စည်သာကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ PDF များထံမှ လက်လုပ်ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပြောက်ကျားယူနီဖောင်း ၁၀ စုံနှင့် တဲ ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့ခြင်းကို Khit Thit Media မှ အမှန်အတိုင်းမရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းဝင်ရောက်ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်ဆိုပြီး အပုတ်ချကာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။
တပ်စစ်ကြောင်းကပစ်လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ Khit Thit Media မှ သတင်းမှားရေးသား
