ဇူလိုင်လ ၃၀ ရက်နေ့ လားရှိုးတိုက်ပွဲသတင်းစုစည်းမှု

လားရှိုးသတင်းတွေအနေနဲ့ ယခုပို့စ်တင်ရေးသားချိန်ထိ သိသလောက်ပြောရရင် သာသနာ-၂၅၀၀ နဲ့ ရန်အောင်မြင်ဘုန်းကြီးကျောင်းဘက်မှာ တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိပါတယ်။

တိုက် ၉ လုံးဘက်ကို နယ်မြေရှင်းနေတဲ့ စစ်ကြောင်းနဲ့ အကြမ်းဖက်သူပုန် ၁၀၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းပစ်ကူနဲ့ ရှင်းထုတ်ခဲ့ရပါတယ်။

အလားတူ အထက – ၇ ဘက်မှာလည်း အကြမ်းဖက်သူပုန် ၁၀၀ လောက် ချဉ်းကပ်လာလို့ လေကြောင်းကနေ ပစ်ခတ်ရတာ ရှိပါတယ်။ မူးယစ်ဆေး အလွန်အကျွံသုံးစွဲထားပြီး လူစိတ်ကင်းမဲ့နေတဲ့ သူပုန် ၁၁ ဦးကိုတော့ အသေပစ်လိုက်နိုင်ခဲ့ပါတယ်။

လားရှိုးတိုက်ပွဲတွေဟာ ရှုပ်ထွေးလျက်ရှိပြီး အချို့နေရာတွေမှာ ကိုယ်သိမ်း၊ သူသိမ်း အပြန်အလှန်ဖြစ်နေပြီး အကြမ်းဖက်သူပုန်တွေကတော့ ဒေသခံတွေကို လူသားတံတိုင်းအဖြစ် ဓားစာခံလုပ်ထားပြီး တိုက်ပွဲရှောင်သူ ယောက်ျားလေးတွေနဲ့ ၁ အိမ် ၁ ယောက်နှုန်း အဓမ္မလူသစ် စုဆောင်းလျက်ရှိပါတယ်။ လားရှိုးမြို့ နေရာအများအပြားမှာ ဖုန်း/အင်တာနက်လိုင်းများ မကောင်းသော်လည်း ရန်သူဟာ Star Link ကွန်ရက်ကို အသုံးပြုပြီး Psywar တွေ အဆက်မပြတ် ထုတ်လွှင့်နေတာ တွေ့ရပါတယ်။

လားရှိုးမြို့ကောင်းကင်ယံမှာ လေယာဉ်တွေ အဆက်မပြတ်ဝဲပျံနေပြီး ဒေသခံတွေမရှိတော့ပါက ပြင်းပြင်း ထန်ထန်ပစ်ခတ်ဖို့ စောင့်ကြည့်နေပါတယ်။ ဒီလောက်ပါပဲ .. ထူးရင် ဆက်လက်တင်ပြပေးပါမယ်။

တိုက်ပွဲသတင်းစုံ