ချောင်း၊ မြောင်း အရမ်းပေါတော့ ရခိုင်မှာ စစ်ဆင်ရေးဝင်ရတဲ့ တပ်တွေဟာ စက်လှေငှားရတဲ့ ပြဿနာ အမြဲလိုလို တက်တယ်။ ခုလို မိုးတွင်းဆို ပိုဆိုးပေါ့။ အဲ့ဒီချိန်မှာ တပ်အတွက်ကတော့ လခရ စည်းပေါက်တာမျိုး အမြဲလိုလို ကြုံရတယ်။
သဘာဝဘေးဖြစ်လာရင် အမိန့် မစောင့်နဲ့လို တပ်ချုပ်ကြီးက မှာဖူးတယ်။ တကယ်လည်း လူကယ်ပြန်မရောက်ခင် တပ်ကအရင်ရောက်လေ့ရှိတယ်။
ခုတော့ သံတွဲ ရေမြုပ်နေတဲ့ မြင်ကွင်းကို ကြည့်ရတာ တခုခု လိုနေသလိုပဲ။ အဖ ရခိုင်နိုင်ငံတော် တည်ထောင်မယ့် AA တွေ ဘာလုပ်ပြမလဲ ကြည့်ရမှာပဲ။ ပြည်ပကျူးကျော်စစ်နဲ့ သဘာဝဘေး တွေ့တဲ့အခါ ပြည်နယ်တွေအတွက် ဗဟိုပြည်ထောင်စု လိုအပ်တာကို နားလည် နိုင်လိမ့်မယ်လို ယူဆမိတာပါပဲ။ တဖက်ပိတ်နေရင်တော့ မပြောတတ်ဘူးပေါ့လေ။
(နရီမိုး)