ဇူလိုင်လ ၂၇ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က သံဖြူဇရပ်-ရေးလမ်းပိုင်း၊ ကနင်ကမော့ကျေးရွာအနီး လုံခြုံရေးအဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဥ် KNU တပ်မဟာ ၆ လက်အောက်ခံ အကြမ်းဖက် KNLA/PDF တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့် ကြာခဲ့ပြီး အကြမ်းဖက် KNLA/PDF တို့ အလောင်းများဆွဲယူ၍ အထိနာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းဖြစ်စဥ်နေရာအား ဆက်လက်ရှင်းလင်းရာ ၎င်းတို့ထံမှ-
- MA1 (၁) လက်
- အာပီဂျီ- ၁လက်
- RPG ဒုံးသီး (၃)လုံး။
- RPG (ပို့ကျည်)(၄)တောင့်။
- တရုတ်လက်ပစ်ဗုံး(၂)လုံး။
- ၅.၅၆ မမကျည်အိမ် (၁)ခု။
- ဖိုင်ဘာဦးထုပ်(၁)လုံး။
- KNLA ဘက်တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း(၅)စုံတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။
Saw Ba Maung


