တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်း ဒီနေ့ မြောက်သုံးကောင်နဲ့ပတ်သတ်ပြီး မီဒီယာကနေတဆင့် ချပြသွားတယ်။ သူသုံးသွားတဲ့ အသုံးအနှုန်းတွေထဲမှာ အရင်ကနဲ့မတူ တမူထူးခြားလာတာကတော့ ဘိန်းဘုရင်၊ လောက်ကောင်ဆိုတဲ့ ပြင်းထန်တဲ့စကားလုံးတွေပါလာတာတွေ့ရတယ်။ ဒါကိုကြည့်ချင်း အားဖြင့် တပ်မတော်အနေနဲ့ ဒီအဖွဲ့တွေအပေါ်မှာ အဆုံးစွန်ထိ ချေမှုန်းမယ်လို့ သတ်မှတ် လိုက်ပြီဆိုတာ သိနိုင်ပါတယ်။
ဒီနေရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း နောက်ဆုံးက ပြောသွားတဲ့ “အမိမြေသာယာစေ ဖို့ … ငါတို့မြေကိုငါတို့ကာကွယ်စို့” ဆိုတဲ့ ဆောင်ပုဒ်လေးကတော့ နားထောင်လိုက်ရတဲ့ သူတိုင်း ရင်ကိုတိုက်ရိုက်ထိမှန်စေပါတယ်။ ဟုတ်ပါတယ် … ကျွန်တော်တို့မြေကို ကျွန်တော်တို့ ကာကွယ်ကြရပါ့မယ်။
ကျွန်တော်တို့ရဲ့ ဒီမြေ၊ ဒီရေ၊ ဒီလေ ဟာ နှစ်ပေါင်းများစွာကတည်းက ဘိုးဘေး ဗမာတွေရဲ့ အသက်၊ သွေး၊ ချွေးတွေ စုစည်းတည်ထောင်လာရတာဖြစ်တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုပြီး ယနေ့ မျိုးဆက် ကျွန်တော်တို့တစ်တွေ နိုင်ငံရှိတဲ့ နိုင်ငံသားအဖြစ်နဲ့ ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်စွင့် နေနိုင်တာဖြစ်ပါတယ်။
ရှေးဗမာ ဘိုးဘေးတွေ စုစည်းပေးတဲ့ ပြည်ထောင်စု ကြီးကို ၁၉၄၈ ခုနှစ်ကနေ ယနေ့အထိ တပ်မတော်နဲ့ပြည်သူလက်တွဲကူလို့ ထိန်းသိမ်းပေးခဲ့ပြီးပါပြီ။ တိုင်းရင်းသား တန်းတူညီမျှမှုမရလို့ဆိုပြီး KNDO သောင်းကျန်းသူတွေ ရန်ကုန်ထိသိမ်းလာခဲ့တဲ့စစ်ကို ရှိတဲ့ တပ်ရင်း ၃/၄ ရင်းနဲ့ နိုင်အောင်တိုက်ခဲ့တယ်။
ရထား ဘွိုင်လာအိုးထဲက သံချေးရည်တွေကိုသောက် ဘယ်တွေချည်းပဲဖြစ်နေတဲ့ စစ်ဖိနပ်တွေကိုစီးပြီး အင်းစိန်မှ သည် တနိုင်ငံလုံးစီ နိုင်ငံတော်အလံပြန်လွှင့်တင်နိုင်ခဲ့တယ်။ အင်အားရော လက်နက်အရရော အဆမတန်ကွာခြားတဲ့ တရုတ်ဖြူကူမင်တန်တွေကိုလဲ တပ်မတော်နဲ့အတူ ပြည်သူ့စစ် တွေ တက္ကသိုလ်ကျောင်းသားလူငယ်တွေ အတူ ရင်ဆိုင်တိုက်ခိုက်တွန်းလှန် ခဲ့တယ်။ လေယာဉ်ချင်းစီးချင်းထိုးပြီး အံ့အားသင့်စေခဲ့တယ်။ အိမ်နီးချင်းနိုင်ငံကြီးတစ်ခု ရဲ့ စစ်သားတွေ ယူနီဖောင်းလဲဝတ်ပြီး လူလှိုင်းလုံးနဲ့ တိုက်စစ်ဆင်တဲ့ ဗကပ ကိုလဲ တပ်နဲ့ ပြည်သူလက်တွဲညီညီနဲ့ တွန်းလှန်နိုင်ခဲ့တယ်။
ခေတ်ကာလ အခြေအနေအရ ၂၀၂၁ ဖေ ၁ နောက်ပိုင်း နိုင်ငံရေးအာဏာကို လက်လွှတ်ခဲ့ရတဲ့ နိုင်ငံရေးသမားများကြောင့် တပ်နဲ့ပြည်သူ စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ တယ်။ ဗမာ လူငယ်လေးတွေ PDF အဖြစ်နဲ့ EAOs တွေဆီရောက်ခဲ့တယ်။ “ဗမာအချက်၊ သူတို့အခက်” ဆိုတဲ့ မူကို ဆုပ်ကိုင်ပြီး မြန်မာကို ဆင်ဖြူရှင်ခေတ်ကနေ ကူမင်တန် ခေတ် အလယ် ဗကပ ခေတ်အဆုံး မနိုင်ခဲ့တဲ့ ပထွေးနိုင်ငံကြီးရဲ့ အကူအညီကို ရယူပြီး မြောက် သုံးကောင် အဖွဲ့က အရှေ့မြောက်ဒေသတစ်ခွင်မှာ ကျူးကျော်လာတယ်။ ပြည်ထောင်စု မှ ခွဲထွက်ဖို့ ရက္ခိတနိုင်ငံတော်ကိုထူထောင်မယ်ဆိုတဲ့အိပ်မက်မက်နေတဲ့ AA သည်လည်း နိုင်ငံအနောက်တံခါးမှာ ကျူးကျော်စစ်တွေဆင်နွှဲတယ်။ တပ်မတော် ဟာ တစ်နိုင်ငံလုံး စစ်မီးတွေတောက်နေပြီး ပတ်ချာလည် စစ်တိုက်နေရတာမို့ ၁၀၂၇ ကျူးကျော်စစ် (ပ) အကြိမ်မှာ အရှေ့မြောက်ဒေသရဲ့ တစ်ချို့နေရာတွေ မှ သည် ခေတ္တဆုတ်ခွာခဲ့ရတယ်။ ခု လာပြန်ပြီ .. ဒုတိယအကြိမ်ကျူးကျော်စစ်။ ဒီတစ်ကြိမ်မှာ ပြည်ထောင်စုကို ဗမာ ဘိုးဘေး တွေစုစည်းခဲ့စဉ်က ဘယ်ဂျောင်ကပ်နေမှန်းမသိတဲ့ ပလောင် တချို့ရယ်၊ ကူမင်တန် တွေထွက်ပြေးတုန်းကကျန်ခဲ့တဲ့ ကိုးကန့် မျိုးမစစ်အချို့ရယ်၊ လွတ်လပ်ရေးတောင်မရ သေး မူဂျာဟစ်သူပုန်ထလို့ သွားပြီးကာကွယ်ခဲ့တဲ့ ကျေးဇူးကိုမထောက်တဲ့ ရခိုင် အချို့ ရယ် က ကျုပ်တို့ ပြည်ထောင်စုမြေရဲ့ ခေါင်းပိုင်းကိုဖဲ့ထုတ်မလို့ ကြံလာလေရဲ့။
ကျောက်မဲ၊ နောက်ချို၊ သီပေါ၊ လားရှိုး၊ စဉ့်ကူး၊ သံတွဲ စတဲ့နေရာတွေမှာ တပ်မတော် ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမှုကို တပ်မတော် အနေနဲ့ ပြည်သူလူထု ရဲ့ အားကိုယူပြီး ခုခံစစ်ဆင်နွှဲလျက်ရှိတယ်။
မြန်မာ အမျိုးသားများခင်ဗျာ … ဒီပြည်ထောင်စုမြေဟာ ကျွန်တော်တို့ မြေပါ။ ဒီ ပြည်ထောင်စု ရေဟာ ကျွန်တော်တို့ရေပါ။ ကျုပ်တို့မြေ ကျုပ်တို့ရေကို လာကျူးကျော်သူ သင်းသဘောက်ကောင်များကို တွန်းလှန်တိုက်ခိုက်ကြပါစို့။ တပ်မတော်နဲ့လက်တွဲညီရင် သူတို့ ကြာရှည်မခံပါဘူး။ ကျုပ်တို့ ညီအစ်ကိုတွေ ရန်ဖြစ်တာကို ခဏရပ်ကြပါစို့။
“တပ်နဲ့ပြည်သူလက်တွဲကူ
ဒို့ဘိုးဘေးတွေရဲ့ ပြည်ထောင်စုကိုမူ
ကျူးကျော်လာသူ သဘောက်ရန်သူ
သံမှုန့်မက … သံမဏိမှုန့်စားလဲ ငါတို့မမှု
အမိမြေသာယာစေဖို့ … ငါတို့မြေကို ငါတို့ကာကွယ်ပါစို့”
#မင်းထက်ကျော်ဇော