🌷ကုသိုလ်ဓာတ်ခံရှိထားပါ🌷
စိတ်ကောင်းထားခြင်းနှင့်
အလုပ်ကောင်းပြုကြခြင်းဟာ
အကောင်းဆုံးယတြာပါ ။
ကောင်းကျိုးတွေရချင်တယ်ဆိုရင်
ကောင်းကံနှင့် သဲ့ယူရပါတယ် ။
လောကမှာ
စားစရာလာပေးတဲ့သူတွေရှိသော်လည်း
ကိုယ့်မှာ ထည့်စရာခွက်က
ညစ်ပေနေတယ်ဆိုရင် မရနိုင်ပါဘူး ။
ထို့အတူပါပဲ
ကောင်းကျိုးတွေက ကိုယ့်ဆီကို
၀င်လာချင်ပေမယ့်လည်း
ကိုယ့်မှာက ကောင်းကံဓာတ်အခံက
မရှိလေတော့ ရဖို့ဟာခက်ပါတယ် ။
နေ့စဉ်ဘ၀ကျက်သရေရှိစေဖို့အတွက်
မနက်မိုးလင်းလာသည်နှင့်
ရတနာသုံးပါးကို ရိုသေစွာဆည်းကပ်ပါ
မေတ္တာပို့ပါ ကုသိုလ်အမျှဝေပါ ။
ကုသိုလ်ဟာ မကောင်းကျိုးတွေကို
ဖယ်ရှားပေးနိုင်သလို
အကုသိုလ်ကလည်း
ကောင်းကျိုးတွေကို ပိတ်ပင်နိုင်ပါတယ် ။
ကောင်းကျိုးကျက်သရေတိုးချင်ရင်
ကုသိုလ်ဓာတ်ခံတွေ ရှိထားဖို့လိုပါတယ် ။
🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏
