ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတ‌အဖြစ် ပြန်လည်အရွေးမခံတော့ပါ

အမေရိကန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖိုနှင့် ပြန်လည်အရွေးခံရန် မရည်ရွယ်တော့ကြောင်း သမ္မတဘိုင်ဒင်က ကြေညာလိုက်သည်။

“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရတာဟာ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါပဲ။ ပြန်အရွေးခံဖို ရည်ရွယ်ချက်ရှိပေမယ့် လက်ရှိတာဝန်တွေကိုသာ အာရုံစိုက်ဖိုက ငါ့ပါတီနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးလို ယုံကြည်ပါတယ်။ ဒါကြောင့် သမ္မတအဖြစ် ထပ်ပြီး အရွေးမခံတော့ပဲ ကျန်ရှိနေတဲ့ သမ္မတတာဝန်တွေကိုပဲ ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ” ဟု သူ၏ X စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

သူ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ယခုသီတင်းပတ်နှောင်းပိုင်းတွင် နိုင်ငံသို အသေးစိပ် ကြေညာသွားမည်ဟုလည်း ကတိပြုခဲ့သည်။ အမေရိကန်သမ္မတအဖြစ် သူ၏အောင်မြင်မှုများကိုလည်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။