မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ သုံးလကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ(၈၅၆)သန်း‌ကျော်ရရှိခဲ့

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့ ၏ နယ်စပ်ကုန်သွယ်မှု ပမာဏသည် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၈၅၆ ဒသမ ၃၁၇ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ စုစုပေါင်းကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်နှစ်နှင့်နှိင်းယှဉ်ပါက ဒေါ်လာ ၁.၇ ဘီလီယံမှ ကျဆင်းသွားခဲ့ပြီး ဒေါ်လာ တစ်ဘီလီယံကျော် သိသိသာသာ ကျဆင်းသွားကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မော်တောင်နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကို ပြုလုပ်လျက်ရှိသည်။