မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်း ဆွေးနွေးပွဲပြုလုပ်

မြန်မာ-ရုရှား စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှုအတွေ့အကြုံဖလှယ်ခြင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ကျင်းပပြုလုပ်ခဲ့ရာ-

  • စစ်ဘက်ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံများအား
    အပြန်အလှန် သုံးသပ်ဆွေးနွေးခြင်း၊
  • ဆေးဘက်ဆိုင်ရာသုတေသန ပူးပေါင်းဆောင်ရွက်
    နိုင်ရေးနှင့်ပတ်သက်၍ ရောဂါကာကွယ်ဆေးများ
    ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊
  • ဆေးပညာရပ်ဆိုင်ရာ အဆင့်မြင့်သင်တန်းများ
    စေလွှတ်တက်ရောက်နိုင်ရေးကိစ္စရပ်များ၊
  • စစ်ဘက်ဆေးပညာရပ်ဆိုင်ရာသင်ကြားရေးနှင့်
    လေ့ကျင့်ရေးကိစ္စရပ်များ၊
  • နှစ်နိုင်ငံ ဆေးတပ်ဖွဲများအကြား ဆေးဘက်ဆိုင်ရာ
    ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ
  • နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်
    ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်နိုင်ရေးဆိုင်ရာ
    ကိစ္စရပ်များ၊
  • စစ်ဘက်ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
    ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။