အကြမ်းဖက်တရုတ်ကိုးကန့် MNDAA နဲ့ TNLA သူပုန်တွေ နားလည်ထားဖို့က 1027 (ပထမ)နဲ့ 1027 (ဒုတိယ) မတူတော့ဘူးဆိုတာပဲ ..
1027 (ပထမ)တိုက်ပွဲတွေမှာ သူပုန်တွေက သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲက ဗမာတွေ၊ ရှမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေသိမ်းဆည်း မောင်းထုတ်ပြီး ကိုးကန့်၊ ပလောင်နယ်ဖြစ်အောင်လုပ်တယ်။ ဗမာတွေ၊ ရှမ်းတွေ အပြင် မြန်မာပြည်သူအများစုက သူပုန်တွေကို ရွံမုန်းသွားကြပြီ။ အခု 1027 (ဒုတိယ) လားရှိုးတိုက်ပွဲတွေမှာဆိုရင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ဘက် အားပေးထောက်ခံလာကြတယ်။
တပ်မတော်သားတွေကို ဒေသခံတွေက အစားအသောက်တွေလှူတာရှိသလို အနယ်နယ်အရပ်ရပ်က ပြည်သူတွေကလည်း ငွေကြေးတွေ လှူဒါန်းလာကြပြီ။ ဥပမာ ၁ ခုကို ပြရရင် ကိုခိုင်ဇော်တို့ နောင်ချို ၁၁၄ ကို သွားပြီးလှူတဲ့အလှူပေါ့။ ရဲမေ ၁ ဦးကို ၁ သိန်းစီ၊ မီးဖွားရဲမေကို ၁၅ သိန်း၊ ကျဆုံးစစ်သည် မိသားစုကို ၄ သိန်း သွားရောက်ထောက်ပံ့တာတွေ့ရတယ်။ အင်မတန်မှ ပီတိဖြစ်ရပါတယ်။ ဒီကိုခိုင်ဇော်အဖွဲ့ လှူဒါန်းနိုင်ဖို့ အလှူငွေထည့်သူတွေက အနယ်နယ် အရပ်ရပ်က ပြည်သူတွေပဲ ဖြစ်ပါတယ်။ ကိုခိုင်ဇော်တို့အဖွဲ့လည်း ဘုန်းကြီးလို အသက်ရှည်ပါစေခင်ဗျာ။ပြောချင်တာက ပြည်သူအများစုက တပ်မတော်ကို အားပေးထောက်ခံလာကြပြီဆိုတာပါပဲ။ ဒါကြောင့် အကြမ်းဖက် တရုတ်ကိုးကန့် MNDAA နဲ့ TNLA သူပုန်တို့အနေနဲ့ ဘယ်အရာမှ လွယ်လွယ်မရတော့ဘူး၊ သင်းတို့ ရည်မှန်းချက် လုံးဝ(လုံးဝ)အောင်မြင်မှာ မဟုတ်ဘူးဆိုတာ သိဖို့လိုပြီ။
ထပ်ပြီး ပြောချင်တာက ရမခရဲ့ အောင်စိတ်က တပြည်လုံးကို ပျံ့နှံစေရမည်။
လားရှိးမြိုဟာ တပ်မတော်ရဲ့အောင်မြေ၊ သူပုန်တိုရဲ့ သင်္ချိုင်းဖြစ်ရမည်။