ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ ရုရှားနဲ့ တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်

ပင်လယ်ရေကြောင်း လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ ရုရှားနဲ့ တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှု့တွေလုပ်နေကြတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက် ကွမ်တုံပြည်နယ် Zhanjing မြို့တစ်ဝိုက် ဝေဟင်နဲ့ ရေပြင်တွေမှာ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်နေတယ်လို့ တရုတ်ဘက်က ပြောဆိုထားပါတယ််။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ပင်လယ်ရေကြောင်း လုံခြုံရေးခြိမ်းခြောက်မှုတွေကို ပူးတွဲဖြေရှင်းတာတွေ၊ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရာမှာ နှစ်နိုင်ငံ သန္နိဋ္ဌာန်နဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့ ရည်ရွယ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုထားတာ ဖြစ်ပါတယ်။

Joint Sea-2024 လို့ အမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လအစောပိုင်းကနေ လလယ်ပိုင်းအထိ လုပ်ဆောင်သွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို အနာဂတ်မှာ ပိုမိုနက်ရှိုင်းစေလိမ့်မယ်လို့လည်း တရုတ်ဘက်က ယုံကြည်ထားပါတယ်။

#𝙈𝙃𝙏𝙉𝙀𝙒𝙎