🌷ကောင်းကွက်ကိုပဲရှာလိုက်ပါ🌷
အသိဉာဏ်နည်းရင်
ကောင်းတဲ့အာရုံ တွေ့တာတောင်
ကုသိုလ်ဖြစ်ဖို့ မလွယ်ပါဘူး ။
အများက ကောင်းမှုပြုနေတယ်
ကိုယ်ကမကောင်းတဲ့ဘက်ကမြင်ပြီး
အကုသိုလ်ယူတတ်ကြပါတယ် ။
ဒါဟာ ရတနာရွှေတွေတွေ့ပေမယ့်
မကောက်ယူနိုင်တဲ့ သူလိုပါပဲ ။
လူတစ်ယောက်မှာ
အားနည်းချက်တွေရှိနိုင်သလို
အားသာချက်တွေလည်းရှိပါတယ် ။
မကောင်းတာတွေရှိနိုင်သလို
ကောင်းတာလည်းရှိကြပါတယ် ။
ကောင်းကွက်လေးကိုရှာပြီး
သာဓုခေါ်၀မ်းသာလိုက်မယ်ဆိုရင်
အပိုကုသိုလ်တောင်ရပါတယ် ။
နေရာတကာ အမြင်မစောင်းပါနဲ့
လူတကာရဲ့မုန်းတာခံရနိုင်ပါတယ် ။
အများရဲ့လုပ်ရပ်ပတ်သက်ပြီး
အကုသိုလ်ဖြစ်ပွားနေမယ်အစား
ကုသိုလ်စိတ်ထားနဲ့အစားထိုးပြီး
ကိုယ့်အမြင်ကိုပဲ အမှန်မြင်ပေးပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏