ဇူလိုင် ၈ ရက်၊ ၂၀၂၄ ခုနှစ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)
လားရှိးမြို့ နယ် ခမရ(၅၀၇) ရင်းဌာနချုပ်ရှိ MNDAA နှင့် အကြမ်းဖက်အင်အား ၅၀ ဦးခန့် အား တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူများ အထိနာ၍ ၎င်းတိုသေဆုံးအလောင်းနှင့် ထိခိုက် ဒဏ်ရာရသူများအား ပြန်လည်သယ်ထုတ်ကာ ဆုတ်ခွာထွက်ပြေးသွားပြီး ခမရ(၅၀၇) ရင်းဌာနချုပ်နှင့် လွယ်ဝိန်းတောင်စခန်းနေရာများအား တပ်မတော်မှ အောင်မြင်စွာ ပြန်လည် သိမ်းပိုက် ရရှိခဲ့။
ကယားပြည်နယ်
လွိင်ကော်မြို့ ၊ နာနတ်တောရပ်ကွက်၊ စာသင်ကျောင်းအနီး နယ်မြေလုံခြုံရေးဆောင် ရွက် စဉ် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့။
အလောင်း ၁ လောင်း၊ လက်လုပ်ရှေ့ထွက်မိုင်း ၁၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဝါယာကြိုး ၁ ခွေ သိမ်းဆည်းရမိခဲ့။
မကွေးတိုင်း
ပေါက်မြို့ နယ် ချောင်းကူး ဓာတ်အားခွဲရုံသို အကြမ်းဖက်အင်အား(စိစစ်ဆဲ) အဖွဲက Drone ၂ စီးဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့။
စစ်ကိုင်းတိုင်း
ဖောင်းပြင်မြို့ နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ချောင်းဂွကျေးရွာ၏ အနောက်ဘက်သိုအရောက် PDF အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့။
PDF ၂ လောင်း၊ အမ်(၂၂) ၁ လက် ၊ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၂၃၂ တောင့် ၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံး ၇ လုံး၊ မိုင်းမျိုးစုံ ၉ လုံး၊ အီကွေ့မန့် ၄ စုံ၊ တဲမျိုးစုံ ၂ လုံး
ပစ်ကျင်း ၁၂ ကျင်း သိမ်းဆည်းရမိခဲ့။
မန္တလေးတိုင်း
မတ္တရာမြို့ နယ် Alpha ဘိလပ်မြေစက်ရုံအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲများ သည် PDF အကြမ်းဖက် ၇၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။
အာရ်ပီဂျီ ၁ လက်၊ အမ်အေ(၁) ၁ လက် သိမ်းဆည်းရမိခဲ့။
မတ္တရာမြို့ နယ် ရေနံသာရဲစခန်းအားင် PDF အကြမ်းဖက်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တိုတွင် အပြန်အလှန် ပြင်းထန်တိုက်ပွဲဖြစ်ပွားလျက်ရှိ။
တိုက်ပွဲများအတွင်း PDF အကြမ်းဖက်သမားများမှ ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့။
လုံခြုံရေးတပ်ဖွဲဝင်များအနေဖြင့် ရန်သူ့အလောင်း/လက်နက်များအား အောင်မြေချဲ့ရှင်းလင်းသိမ်းပိုက်နိုင်ခြင်း မပြုလုပ်နိုင်သဖြင့် သေဆုံးအလောင်းများအား ပြန်လည်သယ်ဆောင်ဆုတ်ခွာသွားခဲ့။
ရန်သူမှ အင်အားထပ်မံဖြည့်တင်းပြီး ဇူလိုင်လ ၉ ရက်တွင် ထပ်မံတိုက်ပွဲများ ဖြစ်ပွားလျက်ရှိ။
မိမိထိခိုက်မှုစိစစ်ဆဲဖြစ်ပြီး PDF ၁၅ လောင်း မျက်မြင်တွေ့ရှိရ။
ပဲခူးတိုင်း
ပေါက်ခေါင်းမြို့ နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် သစ်ငုတ်တိုကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာသိုအရောက် အကြမ်းဖက်အင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။