ပျိုမေတို့ရဲ့ ပြည်သူ့စစ်မှုထမ်းတွေ တစ်ဦးနဲ့တစ်ဦး ကြည့်နေကြတဲ့ အကြည့်တွေ သံယောဇဉ်တွေကို ခံစားမိရင်း ပျိုမေ့အတွေးထဲပေါ်လာတာကတော့ ✨အဆိုတော် စိုင်းစိုင်းခမ်းလှိုင်✨ရဲ့ 🫂သူငယ်ချင်းများစွာ 🫂 သီချင်းက ဒီမြင်ကွင်းလေးအတွက် ရေးစပ်ထားသလိုပါပဲရှင်✨
☀️မိသားစုဝင်များရဲ့ မိမိတို့ သား/တူတို့ကို မြင်ရမယ့်အပေါ် စိတ်လှုပ်ရှားနေတဲ့ ရင်ထဲကစကားသံများနဲ့အတူ ဂုဏ်ယူပီတိစကားများ✨
☀️ပြည်သူ့စစ်မှုထမ်းများကိုကြည့်ပြီးကြည့်တဲ့သူတွေရင်ထဲအထိပါ အပျော်တွေကူးစက်နိုင်စေတဲ့ ပျော်ရွှင်ဖွယ် သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ ပုံရိပ်များ✨
☀️သင်တန်းဆင်းပြီးနောက် ပေးအပ်ရာဝာာဝန်ထမ်းဆောင်ဖို့ စိတ်အားတက်ကြွစွာ ချီတက်သွားကြတဲ့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ အားရတက်ကြွဖွယ် မြင်ကွင်းများ✨
စတဲ့ ပျော်ရွှင်ကြည်နူးဖွယ် ပုံရိပ်မြင်ကွင်းတွေကို မိဘပြည်သူများကြည့်ရှုရင်း အပျော်တွေရင်ထဲကူးစက်ကြစေဖို့ပျိုမေတို့ Vlogလေးကနေ တင်ဆက်ပေးလိုက်ပါတယ်ရှင်✨
ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေရှင်✨