ဇူလိုင်လ ၃ ရက်နေ့ တိုက်ပွဲသတင်းများ

ဇူလိုင် ၃ ရက်၊ ၂၀၂၄ ခုနှစ်။

ရှမ်းပြည်(မြောက်ပိုင်း)
လားရှိုးတိုက်ပွဲသတင်း

လားရှိုးမြို့ နယ်ခြားအနီးသို့ MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၄၅၀ ဦးခန့်က Drone အများအပြားဖြင့် အဆက်မပြတ် Drop Bomb ကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

လားရှိုးမြို့ (၁၂) မိုင်အနီးသို့ MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က Drone များဖြင့် Drop Bomb များဖြုတ်ချတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှလည်း Drone များ၊ လေကြောင်းပစ်ကူများဖြင့် ရန်သူတည်ရှိရာနေရာများသို့ တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့။

လားရှိုးမြို့အထွက် ပွိုင့်-၁၂၅၀ စခန်းအား MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က Drop Bomb ကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိ။

လားရှိုးမြို့ (၁၃) မိုင်အနီး နေရာသို့ MNDAA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က Drone အများအပြားဖြင့် အဆက်မပြတ် Drop Bomb ကြဲတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ရခိုင်ပြည်နယ်

သံတွဲမြို့၏ အနောက်တောင်ဘက်မီတာ ၅၆၀၀ ခန့်အကွာရှိ နယ်မြေခံတပ်ရင်း၊ ဘန်ကာ(၄) နေရာရှိ AA သောင်းကျန်းသူအင်အား(စိစစ်ဆဲ) အဖွဲ့အား ပြန်လည်တိုက်ခိုက်ခဲ့ရာ ဘန်ကာ(၄) အား ပြန်လည်သိမ်းပိုက်ရရှိခဲ့။

အမ်အေ(၂) ၂ လက်သိမ်းဆည်းရမိခဲ့။

သံတွဲမြို့၏ အနောက်တောင်ဘက်မီတာ ၆၀၀၀ ခန့်အကွာ၌ တပ်မတော်နှင့် AA သောင်းကျန်းသူအင်အား(၂၀) ဦးခန့်တို့ ၁ ကြိမ်၊ AA သကသ အင်အား(၃၀) ဦးခန့်နှင့် ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

အလောင်း ၁ လောင်း၊ အမ်အေ(၃) ၁ လက်၊ အမ်အေ(၁) ၁ လက် သိမ်းဆည်းရမိခဲ့။

မန္တလေးတိုင်း

စဉ့်ကူးမြို့နယ် ပင်လယ်ကြီး ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က Drone များဖြင့် Drop Bomb ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

အေကေ(၄၇) ၁ လက်၊ ကျည် ၃၀၀ တောင့် သိမ်းဆည်းရမိခဲ့။ #Crd